General

Motor Vehicle Insurance

ယခင်နှင့်မတူတမူထူးခြားတဲ့ အကျိုးခံစားခွင့်များပါဝင်တဲ့ ကားအာမခံအမျိုးအစားအသစ်ကို  New Motor Vehicle Policy ဖြင့် October 12 ရက်နေ့မှစပြီး  Global World Insurance မှာ ဝယ်ယူရရှိနိုင်နေပြီဖြစ်ပါသည်။

 

အာမခံသက်တမ်း
၃လ၊ ၆လ၊ ၉လနှင့် ၁နှစ်သက်တမ်း ထားရှိနိုင်ပါသည်။

 

အာမခံထားငွေ
ကာလပေါက်ဈေးထက်မပိုသော အာမခံထားသူနှင့် အာမခံလက်ခံသူ နှစ်ဦးသဘောတူတန်ဖိုးဖြင့်ထားရှိနိုင်ပါသည်။

 

ပရီမီယံနှုန်း
အခြေခံအကာအကွယ်အတွက် အာမခံတန်ဖိုး၊ ယာဉ်အသုံးပြုပုံနှင့် အင်ဂျင်ပါဝါပေါ်မူတည်၍ သတ်မှတ်ပြီး လေကာမှန်အတွက် မှန်တန်ဖိုး၏ ၆.၅% သတ်မှတ်ထားပါသည်။

 

အကျိုးခံစားခွင့်
အာမခံထားသည့်ယာဉ်ထိခိုက်ပျက်စီးမှု 
အာမခံထားသည့် ယာဉ်ထိခိုက်မှုကြောင့် သူတပါးသေဆုံးခြင်း၊ ဒဏ်ရာရခြင်း တို့အတွက် အများဆုံးကျပ်သိန်း(၃၀)
သူတပါးပိုင်ယာဉ်ပျက်စီးမှု အပါအဝင် လူသေဆုံးဒဏ်ရာရခြင်းဖြစ်ရပ်တစ်ခုလုံးအတွက် အများဆုံးကျပ်သိန်း(၅၀၀)

 

အခြေခံအကာအကွယ် 
ယာဉ်တိုက်ခြင်း
ယာဉ်တိမ်းမှောက်ခြင်း
ယာဉ်မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပြင်ပမီးကူးစက်ခြင်း
ယာဉ်ပေါ်သို့ မတော်တဆ ပစ္စည်းတစ်ခုခုပြုတ်ကျခြင်း
မလိုတမာဖျက်ဆီးမှုကြောင့် ပျက်စီးခြင်း
ရေလမ်း/ကုန်းလမ်း/ဓာတ်လှေကားဖြင့် သယ်ဆောင်စဉ် ပျက်စီးခြင်း

 

မယူမနေရအကာအကွယ်
သပိတ်မှောက်၊ အဓိကရုဏ်း၊ ဆူပူမငြိမ်မသက်ဖြစ်မှုကြောင့် ထိခိုက်ပျက်စီးမှု
လေကာမှန်ထိခိုက်ပျက်စီးခြင်း

 

အပိုအကာအကွယ်
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု
စစ်နှင့် စစ်အသွင်အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု
ခိုးမှုအန္တရာယ်

 

ပိုမိုကောင်းမွန်သည့်စနစ် (Betterment)
မော်တော်ယာဉ်သည် အစားထိုးပစ္စည်းများဖြင့်ပြုပြင်ရာတွင် ပစ္စည်းသစ်များသုံးစွဲရခြင်းကြောင့် မူလဆုံးရှုံးမှုမဖြစ်ခင်ကရှိခဲ့သော အခြေအနေထက် ပိုမိုကောင်းမွန်သွားမည်ဖြစ်ပါသည်။ အဆိုပါ ပိုမိုကောင်းမွန်လာသော မူရင်းစက်ပစ္စည်းအသစ်ထည့်ဝင်ခြင်းကြောင့် ကျသင့်သည့်အချိုးကျစရိတ်တန်ဖိုးကို အာမခံထားသူဘက်မှ ပူးပေါင်းထည့်ဝင်ရန် လိုအပ်ပါသည်။

မှတ်ချက်။      ။ပစ္စည်းအစိတ်အပိုင်းအသစ်နှင့် လဲလှယ်ပါက Betterment ခုနှိမ်မှုကို ပြုလုပ်ရမည်။ ပစ္စည်းအစိတ်အပိုင်းတစ်ပတ်ရစ်ပစ္စည်းနှင့် လဲလှယ်တပ်ဆင်ပါက Betterment ကိုခုနှိမ်ခြင်းမပြုရပါ။

Age of Your Vehicle (Years)

Rate of Betterment

less than 3

5%

4

10%

5

15%

6

20%

7

25%

8

30%

9

35%

10 and above

40%

 

နှုတ်ဖြတ်ငွေ (Standard Excess)
နှုတ်ဖြတ်ငွေ တွင် Private နှင့် Commercial ၏အခြေခံနှုတ်ဖြတ်ငွေကို တစ်မျိုးတည်းထားရှိပြီး ပရီမီယံကြေး ကို Discount  များရွေးချယ်ရရှိနိုင်မည်ဖြစ်ပါသည်။

မှတ်ချက် ။    ။ အာမခံထားငွေကျပ် ၂၀,၀၀၀,၀၀၀/- မပြည့်ပါက ထပ်တိုးမြင့်သည့် ရွေးချယ်မှုသည် အကျုံးမဝင်ပါ။

Excess Amount

New Policy

No Excess

additional 25,000 MMK

100,000 MMK

0 (Standard Excess)

200,000 MMK*

25,000 MMK discount

300,000 MMK*

35,000 MMK discount

500,000 MMK*

60,000 MMK discount

 

လျော်ကြေးမဲ့ဆု (NCB)
အာမခံထားသည့် ပထမနှစ်တွင် လျော်ကြေးတောင်းခံခြင်းမရှိပါက နောက်နှစ်သက်တမ်းဆက်တွင် အခြေခံပရီမီယံငွေမှ အောက်ဖော်ပြပါသတ်မှတ်ရာခိုင်နှုန်းခုနှိမ်၍ ဆုကြေးခံစားခွင့်ရှိပါသည်။

 

 

Private Vehicle

Commercial Vehicle

After one year

25%

15%

After two years

30%

20%

After three years

40%

25%


>

Newsletter for recieve