Life

တစ်မူထူးခြားသည့်စုဆောင်းမှုအသက်အာမခံ

တစ်မူထူးခြားသည့်စုဆောင်းမှုအသက်အာမခံ

 

ရည်ရွယ်ချက်

ပရီမီယံငွေပေးသွင်းစုဆောင်းရင်းဖြင့် သတ်မှတ်အာမခံသက်တမ်းအလိုက်ငွေသားဆုကြေးခံစားခွင့်၊နှစ်စေ့သောအခါ စုဆောင်းမှုအကျိုးခံစားခွင့်ကို ထိုက်ထိုက်တန်တန်ရရှိစေရန်။

 

အာမခံထားနိုင်သူများ

အသက်၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်တွင်းနေနိုင်ငံခြားသားများနိုင်ငံသားများ(၅)နှစ်မှ(၁၈)နှစ်အတွင်းရှိသူများကို မိဘအုပ်ထိန်းသူများမှ ထားပေးနိုင်သည်။

 

အာမခံသက်တမ်း

အာမခံလက်ခံသည့်နေ့မှ ၅နှစ်အထိ

 

အာမခံထားငွေ

ကျပ်သိန်း(၃ဝ)မှ စ၍ အများဆုံး အမေရိကန်ဒေါ်လာ၁၅၀၀၀နှင့် ညီမျှသော မြန်မာကျပ်ငွေပမာဏအထိ

 

ပရီမီယံနှုန်း

အာမခံကြေးကို အာမခံထားသူ၏ အသက်ကွဲပြားမှု၊အာမခံထားငွေတို့အပေါ် အခြေခံ၍အသင့်တွက်ထားသည့် နှုန်းထားဇယားတို့ဖြင့် တွက်ချက်ကောက်ယူပါသည်။

 

အကျိုးခံစားခွင့်များ

(၁)       ရှင်သန်မှုအကျိုးခံစားခွင့် (Survival Benefit)

(၂)       နှစ်စေ့အကျိုးခံစားခွင့် (Maturity Benefit)

(၃)       ရောဂါကြောင့်အသက်ဆုံးရှုံးမှု (Death Benefit)

(၄)       မတော်တဆမှုကြောင့်အသက်ဆုံးရှုံးမှု (Accidetal death Benefit)

 

အကျိုးခံစားခွင့်ရှိသူ

အသက်ဆုံးရှုံးမှုဖြစ်၍ အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူသာ အသက်ဆုံးရှုံးမှုဖြစ်သည့်အခါ ပေးချေမည့် အကျိုးခံစားခွင့်ကို တရားဝင်ထုတ်ယူခွင့်ရှိပါသည်။

အကျိုးခံစားခွင့်မရနိုင်သည့် ကိစ္စရပ်များ (Exclusions)

အောက်ဖော်ပြပါကိစ္စရပ်တစ်ခုခုကြောင့်အသက်ဆုံးမှုဖြစ်လျှင်အကျိုးခံစားခွင့်ကိုပေးချေမည်မဟုတ်ဘဲပေးသွင်းထားသော ပရီမီယံများကိုသာ ပြန်လည်ပေးအပ်မည်။

  • ၁နှစ်အတွင်းသတ်သေခြင်း။
  • တမင်ရည်ရွယ်လုပ်ဆောင်ခြင်း။
  • ရာဇဝတ်မှုကျူးလွန်ခြင်း၊ဥပဒေချိုးဖောက်ခြင်း။
  • မူးယစ်ဆေးနှင့်ဘေးအန္တရာယ်ဖြစ်စေသော ဆေးနှင့်အလားတူသည်များကိုသုံးစွဲခြင်း။
  • စစ်နှင့်စစ်အသွင်တိုက်ခိုက်ခြင်း၊ လူထုအုံကြွခြင်း (သို့)အဓိကရုဏ်း၊ ဆူပူသောင်းကျန်းမှုစသည်နှင့် အလားတူ
  • သည့် အကြောင်းရင်း (သို့) အကျိုးဆက်ကြောင့်သေဆုံးခြင်း။

>

Newsletter for recieve