Life

ပရီမီယံတစ်ကြိမ်ပေးနှစ်တိုချေး‌ငွေအသက်အာမခံ

      ပရီမီယံတစ်ကြိမ်ပေးနှစ်တိုချေး‌ငွေအသက်အာမခံ

ရည်ရွယ်ချက်

 ငွေချေးယူသူတစ်ဦး အနေဖြင့် သေဆုံးခြင်း၊   ထာ၀စဉ်မသန်စွမ်းဖြစ်ခြင်းတို့ကြောင့်  ချေးယူထားသော ငွေကို ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိလျှင်  အာမခံအကာအကွယ်ပေးနိုင်ရန်ဖြစ်ပါသည်။

 

အာမခံထားနိုင်ခွင့်ရှိသူ

အသက်၁၈နှစ်မှ ၆၄နှစ်အတွင်းရှိရပါမည်။

 

အာမခံသက်တမ်း

အာမခံသက်တမ်းသည် (၁)နှစ်သို့မဟုတ်(၂)နှစ်ဖြစ်ပါသည် ။အာမခံထားသူ၏ အသက်၆၅နှစ်အထိသာ အာမခံထားရှိနိုင်သည်ဖြစ်သောကြောင့်အသက်၆၄နှစ်ရှိသူများအနေဖြင့်(၁)နှစ်သက်တမ်းသာအာမခံထားရှိနိုင်မည်ဖြစ်ပါသည်။

 

အာမခံထားနိုင့်သည့်ငွေ ပမာဏ

အနည်းဆုံးကျပ် ၁သိန်းမှ အများဆုံးသန်း ၁၀၀အထိ အာမခံထားရှိနိုင်ပါသည်။အာမခံ ကုမ္ပဏီများတွင် ၄င်းပမာဏထက်ပို၍ အာမခံထားရှိလိုပါက မြန်မာ့အာမခံလုပ်ငန်းအပါအ၀င် အာမခံကုမ္ပဏီအချင်းချင်း co-insurance ထားရှိနိုင်ပါသည်။

 

ပရီမီယံနှုန်း

အာမခံထားသူ၏အသက်၊အာမခံသက်တမ်းနှင့်အာမခံထားငွေအမျိုးအစားများအပေါ်မူတည်၍တွက်

ချက်ပါသည်။

 

ပရီမီယံပေးသွင်းခြင်း

ကျသင့်ပရီမီယံကို တစ်လုံးတည်းတစ်ကြိမ်တည်း ပေးသွင်းရမည်။

ကျန်းမာရေးဆေးစစ်ခြင်း

အာမခံထားငွေကျပ် ၁သိန်းမှကျပ်သိန်း၃၀အထိထားရှိမည်ဆိုပါကအာမခံထားသူသည်ကျန်းမာကြောင်း ၀န်ခံချက် ဖြည့်စွက်ရပါမည်။အာမခံထားငွေကျပ်သိန်း၃၀အထက်ထားရှိမည်ဆိုလျှင်အာမခံထားသူသည် ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။

 

အကျိုးခံစားခွင့်များ

သေဆုံးမှုအကျိုးခံစားခွင့်

ထာ၀စဉ်မသန်စွမ်းအကျိုးခံစားခွင့်

 

အကျိုးခံစားခွင့်မရရှိနိုင်သည့်အချက်များ

အာမခံထားသူသည်အောက်ဖော်ပြပါအကြောင်းကိစ္စများကြောင့်သေဆုံးခဲ့လျှင်သော်လည်းကောင်း၊ထာ၀စဉ်မသန်စွမ်းဖြစ်ခဲ့လျှင်သော်လည်းကောင်းအာမခံအကျိုးခံစားခွင့်များအားရခွင့်မရှိပါ။ပေးသွင်းပရီမီယံကိုသာ ပြန်ထုတ်ပေးမည်ဖြစ်ပါသည်။

 

(က)     ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုအနာတရဖြစ်အောင် ပြုလုပ်ခြင်း။

(ခ)       မိမိကိုယ်ကိုသတ်သေခြင်းကြောင့်ဖြစ်ခြင်း။

(ဂ)       မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ခြင်း။

(ဃ)     ဘေးအန္တရာယ်ဖြစ်စေသောဆေးကိုမှီဝဲခြင်းကြောင့်ဖြစ်ခြင်း။

(င)       ကိုယ်တိုင်ရာဇ၀တ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်ခြင်း။

(စ)       အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့်ဖြစ်ခြင်း။

 


>

Newsletter for recieve