Life

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ

ရည်ရွယ်ချက်

အသက်အာမခံ အကာအကွယ်ရရှိနိုင်သည့်အပြင် မျှော်လင့်မထားသောဖြစ်ရပ်များကြုံတွေ့ပါက ငွေကြေး အထောက်အပံ့ရရှိစေရန်နှင့် ငွေကြေးစုဆောင်းသည့် အလေ့အကျင့်ကောင်းရရှိစေရန်။

အာမခံထားနိုင်သူ

အသက် (၁ဝ)နှစ်မှ (၆ဝ)နှစ်အတွင်းရှိသူ ကိုယ်တိုင်ဖြစ်စေ၊ ဇနီး-ခင်ပွန်းအပြန်အလှန်ဖြစ်စေ၊ မိဘနှင့်သားသမီးဖြစ်စေထားရှိနိုင်ပါသည်။အသက် (၁၈)နှစ်မပြည့်သေးသူများ မိဘ(သို့)အုပ်ထိန်းသူမှ ထားရှိပေးနိုင်သည်။

အာမခံသက်တမ်း

အသက် (၁ဝ)နှစ် မှ (၅၅)နှစ် အထိ (၅)နှစ်၊(၇)နှစ်၊(၁ဝ)နှစ် သက်တမ်း

အသက် (၅၆)နှစ် မှ (၅၈)နှစ် အထိ (၅)နှစ်၊(၇)နှစ် သက်တမ်း

အသက် (၅၉) နှစ် မှ (၆၀) နှစ် အထိ (၅)နှစ် သက်တမ်း

အာမခံထားငွေ

အနည်းဆုံးကျပ်ငွေ (၁ဝ)သိန်းမှ အများဆုံး ကျပ်သိန်း(၅ဝဝ)

ပရီမီယံနှုန်း

အာမခံသက်တမ်း၊အသက်နှင့်အာမခံထားငွေပေါ်မူတည်၍ တွက်ချက်ပါသည်။

ပရီမီယံပေးသွင်းခြင်း

(၁)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၁၂)လတစ်ကြိမ် အရစ်ကျပေးသွင်းနိုင်သည်။

ဆေးစစ်ခြင်း

အာမခံထားငွေအရသော်လည်းကောင်း၊ အသက်အရသော်လည်းကောင်း (လိုအပ်ပါက)ဆေးစစ်ရန်လိုအပ်ပါသည်။

 

အာမခံထားငွေ(၁၀)သိန်း၊

အာမခံသက်တမ်းအလိုက်ပေးသွင်းရမည့် ပရီမီယံဇယား

အာမခံထားသူ

အသက်

(၅)နှစ်သက်တမ်း

(၁)လပေးသွင်းရမည့်ပရီမီယံ

(၇)နှစ်သက်တမ်း

(၁)လပေးသွင်းရမည့်ပရီမီယံ

(၁၀)နှစ်သက်တမ်း

(၁)လပေးသွင်းရမည့်ပရီမီယံ

၁ဝ - ၂၅

၁၅၉ဝဝ

၁ဝ၉ဝဝ

၇၂ဝဝ

၃ဝ

၁၆ဝဝဝ

၁ဝ၉ဝဝ

၇၂ဝဝ

၃၅

၁၆ဝဝဝ

၁၁ဝဝဝ

၇၃ဝဝ

၄ဝ

၁၆၁ဝဝ

၁၁ဝဝဝ

၇၃ဝဝ

၄၅

၁၆၂ဝဝ

၁၁၂ဝဝ

၇၅ဝဝ

၅ဝ

၁၆၃ဝဝ

၁၁၄ဝဝ

၇၇ဝဝ

၅၅

၁၆၆ဝဝ

၁၁၇ဝဝ

၈၁ဝဝ

၆၀

၁၇၁၀၀

-

-

အကျိုးခံစားခွင့်

နှစ်စေ့အကျိုးခံစားခွင့်၊ သေဆုံးမှုအကျိုးခံစားခွင့်၊ ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်၊ ပေါ်လစီကို စာရင်းပိတ်ခံစား ခွင့်ရနိုင်ခြင်း၊ အမ်းငွေရရှိနိုင်ခြင်း၊ ချေးငွေရနိုင်ခြင်း၊ အတိုးခံစားခွင့်အနေဖြင့် ပေးသွင်းသည့်ပရီမီယံတိုင်းအတွက် လျော့နှုန်းခံစားခွင့်ရရှိနိုင်ခြင်း၊ ဝင်ငွေခွန်သက်သာခြင်း၊ အကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်နိုင်ခွင့်ရှိခြင်း၊ အကျိုးခံစားခွင့်ကို မည်သည့်အကြွေးရှင်မှဝရမ်းမကပ်နိုင်ခြင်း။

အကျိုးခံစားခွင့်မရနိုင်သည့်အချက်များ

အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း၊ အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ (၁)နှစ်အတွင်း သေဆုံးခြင်းနှင့်ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်စေ၊ မိမိကိုယ်ကိုသတ်သေခြင်းကြောင့်ဖြစ်စေ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်စေ၊ ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်စေ၊ ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်း။


>

Newsletter for recieve