Life

ပြင်းထန်သောရောဂါကုသမှုအာမခံ

ပြင်းထန်သောရောဂါကုသမှုအာမခံ

ရည်ရွယ်ချက်

အရေးကြီးသောပြင်းထန်ရောဂါ(၁၀)မျိုးအတွက် ဆေးဝါးကုသမှုကုန်ကျစရိတ်များကို အတိုင်းအတာ တစ်ခုထိ ခံစားခွင့်ရရှိစေရန် ရည်ရွယ်ပါသည်။

 

အာမခံသက်တမ်း

ပရီမီယံကြေးပေးသွင်းသည့်နေ့မှစ၍ (၁)နှစ်တိတိဖြစ်ပါသည်။

 

အာမခံထားနိုင်ခွင့်ရှိသူ

အသက်(၆)နှစ်မှ (၆၀)နှစ်အထိထားရှိနိုင်ပြီး၊ အသက်(၆)နှစ်မှ (၁၈)နှစ်အထိ မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါ သည်။

 

ဝယ်ယူသည့်စနစ်

အနည်းဆုံး(၁)ယူနစ်မှ အများဆုံး(၁၀)ယူနစ်အထိ ဝယ်ယူနိုင်ပါသည်။

 

ပရီမီယံပေးသွင်းမှုစနစ်

အစုအဖွဲ့အလိုက်။   ။ လစဉ်၊ (၃)လ၊ (၆)လ၊ တစ်လုံးတည်းပေးသွင်းခြင်း။

တစ်ဦးချင်း        ။   ။ (၆)လ၊ တစ်လုံးတည်းပေးသွင်းခြင်း။

ဆေးရုံတက်ရောက်ခြင်း

သက်ဆိုင်ရာနိုင်ငံ၏ အသိအမှတ်ပြုလိုင်စင်ရထားသည့် ဆေးရုံ/ ဆေးခန်းများတွင် ဆေးရုံတက်ရောက်ခြင်းအတွက်သာအကျုံးဝင်သည်။

ဆေးစစ်ခြင်း

အသက်(၅၁)နှစ်အထက်နှင့် (၅)ယူနစ်အထက်ဝယ်ယူသူများသည် ဆေးစစ်ရန်လိုအပ်ပါသည်။

ပရီမီယံနှုန်းထားဇယား

စဉ်

အာမခံ

အကာအကွယ်

အသက်

တစ်ဦးချင်းထားရှိမှု

အစုအဖွဲ့လိုက်ထားရှိမှု

(၆)လ

တစ်ကြိမ်ပေး

တစ်လုံး

တည်းပေး

လစဉ်ပေး

(၃)လ

တစ်ကြိမ်ပေး

(၆) လ

တစ်ကြိမ်ပေး

တစ်လုံး

တည်းပေး

 

  ၁။

ပြင်းထန်သောရောဂါ

ကုသမှုအာမခံ

အကာအကွယ်

(၁)ယူနစ်

၆ - ၃၀

၄၅၀၀

၈၈၀၀

၈၀၀

၂၂၀၀

၄၃၀၀

၈၄၀၀

၃၁ - ၄၀

၇၈၀၀

၁၅၄၀၀

၁၃၀၀

၃၉၀၀

၇၄၀၀

၁၄၆၀၀

၄၁ - ၅၀

၁၂၃၀၀

၂၄၂၀၀

၂၁၀၀

၆၁၀၀

၁၁၇၀၀

၂၃၀၀၀

၅၁ - ၆၀

၁၉၀၀၀

၃၇၄၀၀

၃၂၀၀

၉၄၀၀

၁၈၁၀၀

၃၅၅၀၀

 

အကျိုးခံစားခွင့်များ

စဉ်

                  အာမခံအကာအကွယ်

              ခံစားခွင့်

၁။

Heart Attack (နှလုံးရပ်ခြင်း)

(၁) ယူနစ် ကျပ် (၁၀) သိန်း

၂။

Stroke (လေဖြတ်ခြင်း)

(၁) ယူနစ် ကျပ် (၁၀) သိန်း

၃။

Cancer (Life-threatening) (ကင်ဆာ)

(၁) ယူနစ် ကျပ် (၁၀) သိန်း

၄။

Renal Failure (ကျောက်ကပ်ပျက်စီးခြင်း)

(၁) ယူနစ် ကျပ် (၁၀) သိန်း

၅။

Major Organ Transplant (အစားထိုးကုသခြင်း)

(၁) ယူနစ် ကျပ် (၁၀) သိန်း

၆။

Heart Value Replacement or Repair

နှလုံးအဆို့ရှင် အစားထိုးခြင်း (သို့) ပြုပြင်ခြင်း

(၁) ယူနစ် ကျပ် (၁၀) သိန်း

၇။

Coronary Artery bypass surgrey

(လမ်းကြောင်းလွှဲ၍နှလုံးခွဲစိတ်ကုသခြင်း)

(၁) ယူနစ် ကျပ် (၁၀) သိန်း

၈။

Severe Burns (ပြင်းထန်စွာမီးလောင်ခြင်း)

(၁) ယူနစ် ကျပ် (၁၀) သိန်း

၉။

Coma (သတိမေ့ခြင်း)

(၁) ယူနစ် ကျပ် (၁၀) သိန်း

၁၀။

Bacterial Meningitis

(ဘတ်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း)

(၁) ယူနစ် ကျပ် (၁၀) သိန်း

 

အကျိုးခံစားခွင့်အကျုံးမဝင်သောအချက်များ

(၁) ဆေးကုသမှုခံယူနေပြီး ဆေးရုံတက်ရန်ဆရာဝန်၏ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသား ဖြစ်နေခြင်း။

(၂) စိတ်ရောဂါဝေဒနာရှင်များ။

(၃) ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။

(၄) အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်း။

(၅) နားကြားကိရိယာတပ်ဆင်ခြင်း။

(၆) မွေးရာပါပုံမှန်မဟုတ်ခြင်း။

(၇) မူးယစ်ဆေးဝါးသုံးစွဲခြင်း။

(၈) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။

(၉) AIDS/HIV ဖြစ်ခြင်း။

(၁၀) အကြမ်းဖက် ၊အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ရပ်ကြောင့် ဆေးကုသခြင်း။

(၁၁) လိမ်လည်တောင်းခံသောဖြစ်ရပ်များ။

(၁၂) မိမိကိုယ်ကိုသတ်သေခြင်း။

(၁၃) အာမခံစသည့်နေ့ (သတ်တမ်းဆက်သည့်စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီစာချုပ်၏ အာမခံစသည့်နေ့) မှ စပြီး ရက်ပေါင်း (၉၀)အတွင်းရောဂါအမည်သတ်မှတ်ခံရသည့် ကင်ဆာဖြစ်သော အလုံးအကျိတ်ကိုကုသခြင်း။      

(၁၄) အက်ပီသီလျှမ်အလွှာတွင်း အလုံးအကျိတ်/အရေပြား၊ အသက်ရှု၊ အစာနှင့်ဆီးလမ်းကြောင်းတို့၏ အခေါင်းအင်္ဂါလမ်းကြောင်းအားလုံးရှိ အက်ပီသီလျှမ်ဆဲလ်အလွှာတွင် အလုံးအကျိတ်ဖြစ်ပွားခြင်း။                                          


>

Newsletter for recieve