Life

စရိတ်မျှပေး၊ ပြည်သူ့ကျန်းမာရေးအာမခံ

စရိတ်မျှပေး၊ ပြည်သူ့ကျန်းမာရေးအာမခံ

ရည်ရွယ်ချက်

အများပြည်သူလက်လှမ်းမှီစွာဝယ်ယူနိုင်သည့် ပရီမီယံနှုန်းထားဖြင့်အခြေခံကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပါသည်။

အာမခံသက်တမ်း

အာမခံကြေးကို တစ်ကြိမ်တည်းပေးသွင်းရမည်ဖြစ်ပြီးအာမခံကြေးပေးသွင်းသည့်နေ့မှစ၍ (၁)နှစ်တိတိဖြစ်ပါ သည်။

အာမခံထားနိုင်ခွင့်ရှိသူ

အသက် (၆)နှစ်မှ (၇၅)နှစ်အထိထားရှိနိုင်ပြီး အသက် (၆) နှစ်မှ (၁၈) နှစ်အထိ မိဘ/ အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။

အာမခံအကာအကွယ်

၁) ရောဂါကြောင့် ဆေးရုံတက်ရောက်ခြင်း။

၂) မတော်တဆမှုကြောင့် ဆေးရုံတက်ရောက်ခြင်း။

၃) မတော်တဆမှုကြောင့် သေဆုံးခြင်း။

ပရီမီယံနှုန်းထား

စဥ်

အသက်

ပရီမီယံ (ကျပ်)

 

၆-၃ဝ

၅,ဝဝဝ

 

၃၁-၄ဝ

၅,၅ဝဝ

 

၄၁-၅ဝ

၆,၅ဝဝ

 

၅၁-၆ဝ

၈,၅ဝဝ

 

၆၁-၇၅

၁၃,ဝဝဝ

 

(ပြည်တွင်း/ ပြည်ပရှိသက်ဆိုင်ရာနိုင်ငံ၏ အသိအမှတ်ပြုလိုင်စင်ရရှိထားသည့်ဆေးရုံ/ ဆေးခန်းများတွင် ဆေးရုံတက်ရောက်ခြင်း အတွက်သာအကျုံးဝင်ပါသည်။)

အကျိုးခံစားခွင့်များ

 

စဥ်

အာမခံအကာအကွယ်

ခံစားခွင့်

ရောဂါကြောင့်ဆေးရုံတက်ရောက်ခြင်း။

ဆေးရုံတက်ရက် (၁) ရက် = (၅,ဝဝဝ) ကျပ်

အများဆုံးရက်ပေါင်း = (၆ဝ) ရက်

 မတော်တဆမှုကြောင့်ဆေးရုံတက်ရောက်ခြင်း။

 မတော်တဆမှုကြောင့် သေဆုံးခြင်း။

၅ဝဝ,ဝဝဝ ကျပ်

 

အကျိုးခံစားခွင့်အကျုံးမဝင်သောအချက်များ

(၁) ဆေးကုသမှုခံယူနေပြီး ဆေးရုံတက်ရန်ဆရာဝန်ထောက်ခံချက်ရရှိပြီးသူများ။

(၂) စိတ်ရောဂါဝေဒနာရှင်များ။

(၃) ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန်ဆေးရုံတက်ခြင်း။

(၄) သားသမီးရယူလိုမှုအတွက် ဆေးကုသခြင်းများ။

(၅) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့်ပတ်သက်သောကုသမှုများ။

(၆) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော မျက်မှန်အပါအဝင်မျက်စိစမ်းသပ်ခြင်းများ။

(၇) အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်းများ။

(၈) နားကြားကိရိယာတပ်ဆင်ရန်အတွက်ဖြစ်ခြင်းများ။

(၉) မွေးရာပါပုံမှန်မဟုတ်ခြင်းများ။

(၁၀) မူးယစ်ဆေးဝါးသုံးစွဲခြင်း။

(၁၁) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။

(၁၂) AIDS/ HIV ဖြစ်ခြင်း။

(၁၃) အကြမ်းဖက်၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ရပ်ကြောင့် ဆေးကုသခြင်း။

(၁၄) ရောဂါကြောင့် ဆေးရုံတက်ရက် (၃) ရက်အထိသာရှိသော ဆေးကုသမှုများ။

(၁၅) လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။

(၁၆) မိမိကိုယ်ကိုသတ်သေခြင်း (သို့) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း။


>

Newsletter for recieve