တောင်သူလယ်သမားအသက်အာမခံ
ရည်ရွယ်ချက်
တောင်သူလယ်သမားအသက်အာမခံကိုထားရှိခြင်းဖြင့်ဆေးရုံတက်ရောက်ကုသမှုများဖြစ်ပေါ်ပါကကုန်ကျစရိတ်အတွက်ငွေကြေးအားဖြင့်ထောက်အပံ့ရရှိစေရန်။
အာမခံထားခွင့်ရှိသူ
အသက်(၁၆)နှစ်မှ (၆၀)နှစ်အတွင်းရှိ မျက်မြင်ကျန်းမာသူ တောင်သူလယ်သမားများနှင့် မိသားစု၊ ဆွေမျိုးများ၊ လုပ်ငန်းအတူလုပ်ကိုင်သူများနှင့် အခြားသူများ ထားရှိနိုင်သည်။
အာမခံသက်တမ်း
အာမခံ(ပရီမီယံ)ကြေးပေးသွင်းသည့်နေ့မှစ၍ (၁)နှစ်တိတိဖြစ်ပါသည်။
အာမခံထားငွေ
အနည်းဆုံးကျပ်(၁)သိန်းမှ အများဆုံးကျပ်(၅၀)သိန်းထိ ထားရှိနိုင်ပါသည်။
ပရီမီယံနှုန်း
အာမခံထားငွေအပေါ်တွင် (၁%)ပေးဆောင်ရပါမည်။ အာမခံထားငွေကျပ် (၁)သိန်းလျှင် ပရီမီယံ (၁၀၀၀) ကျပ် ပေးဆောင်ရပါမည်။
အကျိုးခံစားခွင့်
သေဆုံးခြင်း
မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း
မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသရခြင်း
ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
လျော်ကြေးနှုန်းထား
၁။ သေဆုံးခြင်း ၁၀၀ %
၂။ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ၁၀၀ %
၃။ မျက်စိနှစ်ဖက် ကွယ်ခြင်း ၁၀၀ %
၄။ မျက်စိတစ်ဖက် ကွယ်ခြင်း ၅၀%
၅။ လက် (သို့) ခြေနှစ်ဖက် ပြတ်ခြင်း ၁၀၀ %
၆။ လက် (သို့) ခြေတစ်ဖက် ပြတ်ခြင်း ၅၀ %
၇။ လက် (သို့) ခြေနှစ်ဖက် ကျိုးခြင်း ၅၀ %
၈။ လက် (သို့) ခြေတစ်ဖက် ကျိုးခြင်း ၂၅ %
၉။ နားနှစ်ဖက် လုံးဝပင်းခြင်း ၅၀ %
၁၀။ နားတစ်ဖက် လုံးဝပင်းခြင်း ၂၅ %
လျော်ကြေးတောင်းခံရာတွင်လိုအပ်သောအချက်များ
သေဆုံးခြင်း
၁။ အာမခံလက်မှတ်မူရင်း
၂။ အကြောင်းကြားစာ
၃။ အကျိုးခံစားခွင့်တောင်ခံလွှာ
၄။ သေစာရင်းမိတ္တူ
ဒဏ်ရာရရှိခြင်း
၁။ ဆေးကုသသည့်ဆရာဝန်၏ထောက်ခံချက်
၂။ အကြောင်းကြားစာ
၃။ အကျိုးခံစားခွင့်တောင်းခံလွှာ
Newsletter for recieve
Developed by Cybi Tech. Copyright © 2025 Global World Insurance Co., Ltd. All Rights Reserved.