Life

ပညာရေးအာမခံ

ပညာရေးအာမခံ

ရည်ရွယ်ချက်

မိဘအုပ်ထိန်းသူများအနေဖြင့် သားသမီးပညာရေးအတွက်ငွေချွေတာစုဆောင်းသည့် အလေ့အထကောင်း ရရှိစေရန်နှင့် အာမခံသက်တမ်းအတွင်း အာမခံဝယ်ယူသူသေဆုံးခြင်း၊ ထာ၀စဥ်မသန်မစွမ်းဖြစ်ခြင်းကြောင့် သားသမီးများ၏ ပညာရေးရပ်ဆိုင်းမသွားစေရေးအတွက် ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေရန်။

အာမခံအမျိုးအစား

ငွေစုဆောင်းသည့် အာမခံအမျိုးအစားဖြစ်ပြီး အခြေခံအကျိုးခံစားခွင့်ပုံစံ (သို့) နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ပုံစံကိုရွေးချယ်ဝယ်ယူနိုင်ပါသည်။

အာမခံထားနိုင်သူ

အသက် (၁၈)နှစ်မှ (၅၆) နှစ် အတွင်းရှိသော မိဘအုပ်ထိန်းသူများအနေဖြင့် သားသမီးများ၏ ပညာရေးအတွက် မိမိကိုယ်ကို အာမခံထားနိုင်ပါသည်။

အာမခံသက်တမ်း

အာမခံသက်တမ်း (၉) နှစ်၊ (၁၁) နှစ် ၊ (၁၄) နှစ်ထားရှိနိုင်ပြီး အသက် (၅၆) နှစ်ရှိသူများအနေဖြင့် အာမခံသက်တမ်း (၉) နှစ်ကိုသာ ထားရှိနိုင်မည်ဖြစ်ပါသည်။

အာခံထားငွေ

အာမခံထားငွေကိုအနည်းဆုံးကျပ်သိန်း (၅ဝ) မှ အများဆုံး ကျပ်သိန်း (၁ဝဝဝ) အထိ ထားရှိနိုင်ပါသည်။

ပရီမီယံနှုန်း

အာမခံထားသူ၏ အသက်၊ အာမခံသက်တမ်းနှင့် အာမခံထားငွေပေါ်မူတည်၍ ပရီမီယံနှုန်းထားပါဇယားအတိုင်း ပရီမီယံပေးသွင်းရမည်ဖြစ်ပါသည်။

ပရီမီယံပေးသွင်းမှုနည်းစနစ်

ပရီမီယံကို (၁) လ၊ (၃) လ၊ (၆) လ၊ (၁၂) လ တစ်ကြိမ်စသည်ဖြင့် ရွေးချယ်ပေးသွင်းနိုင်ပါသည်။

ပရီမီယံပေးသွင်းသက်တမ်း

ပရီမီယံကို (၅) နှစ်၊ (၇) နှစ်၊ (၁ဝ) နှစ် သက်တမ်းစသည်ဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။

 

ဆေးစစ်ခြင်း

အာမခံထားသူများအားလုံး ကျန်းမာရေးစစ်ဆေးမှုခံယူရပါမည်။

အကျိုးခံစားခွင့်မရနိုင်သည့်ကိစ္စများ

အာမခံထားသည့်နေ့မှတစ်နှစ်အတွင်း ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုသတ်သေခြင်း၊ မိမိကိုယ်ကိုအနာတရဖြစ်စေခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဘေးအန္တရာယ်ဖြစ်စေသောဆေးကိုမှီဝဲခြင်း၊ ဖော်ပြရန် ထိန်ချိန်ခဲ့သော ရှိရင်းစွဲရောဂါတို့ကြောင့် သေဆုံးခြင်းနှင့် ထာဝစဥ်လုံးဝမသန်မစွမ်းဖြစ်ခြင်းတို့အတွက် အကျိုးခံစားခွင့်မရရှိနိုင်ပါ။ အမ်းငွေတန်ဘိုးပမာဏကိုသာ ခံစားခွင့်ရရှိနိုင်ပါမည်။

 

နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်

အာမခံထားသူ ထာဝစဥ်လုံးဝမသန်စွမ်း/  သေဆုံးလျှင် ပရီမီယံကင်းလွတ်ခွင့်

 

အာမခံသက်တမ်း

ပထမနှစ်

ဒုတိယနှစ်

တတိယနှစ်

စတုတ္ထနှစ်

ပဉ္စမနှစ်

 

ဆဌမနှစ်

 

သတ္တမနှစ်

 

အဌမနှစ်

 

နဝမနှစ်

ပရီမီယံပေးသွင်းသက်တမ်း

ကျသင့်

ပရီမီယံ

ကျသင့်

ပရီမီယံ

ကျသင့်

ပရီမီယံ

ကျသင့်

ပရီမီယံ

ကျသင့်

ပရီမီယံ

 

ပရီမီယံ ဆက်လက်ပေးသွင်းရန်မလို

ပညာရေးခံစားခွင့်သက်တမ်း

 

20%

 

20%

 

20%

 

20%

 

20%

အာမခံထားသူ၏ခံစားခွင့်

အာမခံထားသူထာဝစဥ်လုံးဝမသန်စွမ်း/ သေဆုံးလျှင် အာမခံထားငွေအပြည့်ခံစားခွင့်

 

အခြေခံအကျိုးခံစားခွင့်

အာမခံထားသူ ထာဝစဥ်လုံးဝမသန်စွမ်း/  သေဆုံးလျှင် ပရီမီယံကင်းလွတ်ခွင့်

 

အာမခံသက်တမ်း

ပထမနှစ်

ဒုတိယနှစ်

တတိယနှစ်

စတုတ္ထနှစ်

ပဉ္စမနှစ်

 

ဆဌမနှစ်

 

သတ္တမနှစ်

 

အဌမနှစ်

 

နဝမနှစ်

ပရီမီယံပေးသွင်းသက်တမ်း

ကျသင့်

ပရီမီယံ

ကျသင့်

ပရီမီယံ

ကျသင့်

ပရီမီယံ

ကျသင့်

ပရီမီယံ

ကျသင့်

ပရီမီယံ

 

ပရီမီယံ ဆက်လက်ပေးသွင်းရန်မလို

ပညာရေးခံစားခွင့်သက်တမ်း

 

20%

 

20%

 

20%

 

20%

 

20%

အာမခံထားသူ၏ခံစားခွင့်

အာမခံထားသူသေဆုံးလျှင်စာရင်းပိတ်တန်ဘိုးခံစားခွင့်

 

နှစ်ထပ်ကွမ်းအကျိုးခံစားခွင့် (Double Benefit Plan)

၁။ အာမခံထားသူ သေဆုံး/ ထာဝစဥ်လုံးဝမသန်စွမ်းခဲ့သော် အာမခံထားငွေကိုတစ်လုံးတည်းထုတ် ပေးပါမည်။

၂။ အာမခံထားသူ သေဆုံး/ ထာဝစဥ◌်လုံးဝမသန်စွမ်းခဲ့သော် ထိုသို့ဖြစ်ပွားပြီးနောက် ပရီမီယံကြေး ဆက်လက်ပေးသွင်းရန်မလိုဘဲ ကင်းလွတ်ခွင့်ရရှိမည်။

၃။ ပညာရေးအာမခံအကျိုးခံစားခွင့်အဖြစ် ပရီမီယံပေးသွင်းသက်တမ်းပြည့်လျှင် ပြည့်သည့်နေ့အပါအဝင် (၁)နှစ်ပြည့်သည့်နေ့ရောက်တိုင်း ၂ဝ% ကို (၅) ကြိမ်အထိ ပေါ်လစီရှင်သို့ပြန်လည်ထုတ်ပေးပါမည်။

၄။ ပရီမီယံဆက်လက်မပေးသွင်းနိုင်လျှင် စာရင်းပိတ်နိုင်ပြီး ပေါ်လစီသက်တမ်းစေ့ ရောက်သည့်နေ့တွင် စာရင်းပိတ်တန်ဖိုးကို ပေါ်လစီရှင်သို့ ထုတ်ပေးပါမည်။

၅။ ပရီမီယံပေးသွင်းသက်တမ်း (၃) နှစ်ပြည့်ပြီးနောက် ဆက်လက်မပေးသွင်းနိုင်လျှင် ပေါ်လစီဖျက်သိမ်း၍ အမ်းငွေထုတ်ယူနိုင်ပြီး ရခွင့်ရှိသည့်အမ်းငွေကို ပေါ်လစီရှင်သို့တစ်လုံးတည်းထုတ်ပေးပါမည်။

၆။ ချေးငွေအဖြစ်ရခွင့်ရှိသည့် အမ်းငွေတန်ဖိုး၏ ၉ဝ% အထိ ရယူနိုင်ခွင့်ရှိပြီး တစ်ကြိမ်လျှင်ငွေချေးခ ကျပ် (၁ဝဝဝ) နှင့် တစ်နှစ် ၁၅% ဖြင့် အတိုးပေးရပါသည်။ တစ်လုံးတည်းပေးဆပ်ရမည်ဖြစ်ပြီး ပေးဆပ်ခြင်းမပြုလျှင် အကျိုးခံစားခွင့် ထုတ်ယူချိန်တွင် ချေးငွေနှင့်အတိုးကိုခုနှိမ်ပါမည်။

အခြေခံအကျိုးခံစားခွင့် (Basic Benefit Plan)

၁။ အာမခံထားသူသေဆုံးလျှင် အကျိုးခံစားခွင့် လွှဲပြောင်းခံရသူသို့ စာရင်းပိတ်တန်ဖိုးကိုထုတ်ပေးပါမည်။

၂။ အာမခံထားသူ သေဆုံး/ ထာဝစဥ◌်လုံးဝမသန်စွမ်းခဲ့သော် ထိုသို့ဖြစ်ပွားပြီးနောက်ပိုင်း ပရီမီယံကိုဆက်လက်ပေးသွင်းရန်မလိုဘဲ ကင်းလွတ်ခွင့်ရရှိမည်။

၃။ ပညာရေးအာမခံအကျိုးခံစားခွင့်အဖြစ် ပရီမီယံပေးသွင်းသက်တမ်းပြည့်လျှင် ပြည့်သည့်နေ့အပါအဝင် (၁) နှစ်ပြည့်သည့်နေ့ရောက်တိုင်း ၂ဝ% ကို (၅) ကြိမ်အထိ ပေါ်လစီရှင်သို့ ပြန်လည်ထုတ်ပေးပါမည်။

၄။ ပရီမီယံဆက်လက်မပေးသွင်းနိုင်လျှင် စာရင်းပိတ်နိုင်ပြီး ပေါ်လစီသက်တမ်းစေ့ရောက်သည့်နေ့တွင် စာရင်းပိတ်တန်ဖိုးကို ပေါ်လစီရှင်သို့ ပြန်လည်ထုတ်ပေးပါမည်။

၅။ ပရီမီယံပေးသွင်းသက်တမ်း (၃) နှစ်ပြည့်ပြီးနောက် ဆက်လက်မပေးသွင်းနိုင်လျှင် ပေါ်လစီဖျက်သိမ်း၍ အမ်းငွေထုတ်ယူနိုင်ပြီးရခွင့်ရှိသည့်အမ်းငွေကို ပေါ်လစီရှင်သို့တစ်လုံးတည်းထုတ်ပေးပါမည်။

၆။ ချေးငွေအဖြစ်ရခွင့်ရှိသည့် အမ်းငွေတန်ဖိုး၏ ၉ဝ% အထိ ရယူနိုင်ခွင့်ရှိပြီး ငွေတစ်ကြိမ်ချေးလျှင် ငွေချေးခ ကျပ် (၁ဝဝဝ) နှင့်  တစ်နှစ် ၁၅% ဖြင့် အတိုးပေးရပါသည်။ တစ်လုံးတည်းပေးဆပ်ရမည်ဖြစ်ပြီး ပေးဆပ်ခြင်းမပြုလျှင် အကျိုးခံစားခွင့် ထုတ်ယူချိန်တွင်ချေးငွေနှင့် အတိုးကိုခုနှိမ်ပါမည်။


>

Newsletter for recieve