Life

စုပေါင်းအသက်အာမခံ

စုပေါင်းအသက်အာမခံ

ရည်ရွယ်ချက်

အလုပ်ရှင်နှင့်အလုပ်သမားများအတွက် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ထာဝစဉ်မသန် မစွမ်းဖြစ် ခြင်း၊ သေဆုံးခြင်းများဖြစ်ပေါ်ပါက ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေရန်။

အာမခံထားနိုင်သူ

အသက်(၁၈)နှစ်မှ (၆၀)နှစ်အတွင်းရှိသော မျက်မြင်အားဖြင့် ကျန်းမာသောအလုပ်ရှင်နှင့် အလုပ်သမားဦးရေ အနည်းဆုံး (၅)ဦးစုပေါင်း၍ ကိုယ်တိုင်သော်လည်းကောင်း၊ အလုပ်ရှင်မှသော်လည်းကောင်း ထားရှိနိုင်ပါသည်။

အာမခံသက်တမ်း

(၁)နှစ်သက်တမ်းထားရှိနိုင်ပါသည်။

အာမခံထားငွေ

တစ်ဦးလျှင် အနည်းဆုံးကျပ်(၁)သောင်းမှ အများဆုံးကျပ်သိန်း (၅ဝ)အထိ ထားရှိနိုင်ပါသည်။

ပရီမီယံနှုန်း

အာမခံထားငွေ၏ ၁% ကိုတစ်လုံးတည်းပေးသွင်းရပါမည်။

ဆေးစစ်ခြင်း

အသက် (၁၈)နှစ်မှ (၄၅)နှစ် အာမခံထားငွေကျပ် (၁ဝ)သိန်းအထိ အာမခံထားရှိသူများအား ဆေးစစ်ခြင်းကင်းလွှတ် ပါမည်။

( အသက်(၄၅)နှစ်အထက်နှင့် အာမခံထားငွေကျပ် (၁ဝ)သိန်းကျော်လွန်ပါက အထူးကုဆရာဝန်၏ ဆေးစစ်ချက် ဖြင့်လက်ခံပါမည်။)

 

လျော်ကြေးနှုန်းထားပြဇယား

စဉ်

ဖြစ်ရပ်

အကျိုးခံစားခွင့် ရာခိုင်နှုန်း

၁။

သေဆုံးခြင်း

၁ဝဝ%

၂။

ထာဝစဉ်မသန်စွမ်းဖြစ်၍ လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်း

၁ဝဝ%

၃။

မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း

၅ဝ%

၄။

လက်တစ်ဖက်လုံးဝပြတ်ခြင်း

၅ဝ%

၅။

ခြေတစ်ဖက်လုံးဝပြတ်ခြင်း

၅ဝ%

၆။

နားတစ်ဖက်လုံးဝပင်းခြင်း

၅ဝ%

၇။

လက်တစ်ဖက်ကျိုးခြင်း

၂၅ %

၈။

ခြေတစ်ဖက်ကျိုးခြင်း

၂၅%

၉။

ပြင်းထန်သောမတော်တဆဖြစ်မှုများကြောင့် ထိခိုက်ပွန်းပဲ့ခြင်း၊ရောင်ရမ်းခြင်း၊အတွင်းကြေခြင်း

၁ % မှ ၅ %

 

အကျိုးခံစားခွင့်

၁။        သေဆုံးပါက မှီခိုသူများအတွက် အာမခံထားငွေ အပြည့်ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။ (အာမခံထားရှိသူ တစ်ဦးဦးသည် အလုပ်မှနှုတ်ထွက်သွားခဲ့သော် အလုပ်သမားအသစ်ကို အစားထိုးလှဲလှယ်ခွင့်ရှိသည်။ ထပ်မံပေးသွင်းရန်မလိုပါ။)

၂။         အာမခံထားရှိသူတစ်ဦးဦးသည် ထိခိုက်ဒဏ်ရာရရှိလျှင် လျော်ကြေးနှုန်းထားဇယားပါအတိုင်း ရပိုင်ခွင့်ရှိ ပါသည်။ (ဖော်ပြမထားသည့် ထိခိုက်ဒဏ်ရာရမှုများအတွက် ဆရာဝန်၏ဆေးစာထောက်ခံချက်အပေါ် အခြေခံ၍ သင့်လျော်သော အကျိုးခံစားခွင့်ထုတ်ပေးပါမည်။)

အကျိုးခံစားခွင့်အကျုံးမဝင်သောအချက်များ

၁။        မိမိကိုယ်ကိုသတ်သေခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ဆေးဖြတ်ကုသမှုခံယူခြင်း၊ ကိုယ်တိုင်ပြစ်မှုကျူးလွန်ခြင်းနှင့် မိမိကိုယ်တိုင်ဒဏ်ရာရရှိအောင် ဆောင်ရွက်ခြင်းတို့အတွက် အကျုံးမဝင်ပါ။

၂။         အာမခံထားသူအလုပ်သမားတစ်ဦးသည် လုပ်ငန်းခွင်မှအပြီးနှုတ်ထွက်ခြင်း၊ ထုတ်ပယ်ခံရခြင်းတို့တွင် ယင်းနေ့ရက်နောက်ပိုင်းဖြစ်ပေါ်လာသော သေဆုံးခြင်းနှင့်ဒဏ်ရာရခြင်းများအတွက် လျော်ကြေးခံစားခွင့်မရှိပါ။


>

Newsletter for recieve