Life

တပ်မတော်သားအသက်အာမခံ

တပ်မတော်သားအသက်အာမခံ

 

ရည်ရွယ်ချက်

လစဉ်ပေးသွင်းနိုင်သည့် စုငွေသဘောပါဝင်သည့် ငွေပင်ငွေရင်းအသက်အာမခံ အမျိုးအစားဖြစ်ပြီး ရင်းနှီးမြှပ်နှံမှု လုပ်ဆောင်နိုင်စေရေးအတွက် ငွေစုဆောင်းသည့်အလေ့အထရရှိစေရန်အတွက် ရည်ရွယ်ပါသည်။

 

အာမခံထားနိုင်သူ

အသက်(၁၈) နှစ်မှ (၅၅)နှစ်အထိ တပ်မတော်သား စစ်မှုထမ်းများ ထားနိုင်ပါသည်။

 

အာမခံသက်တမ်း

အာမခံသက်တမ်း အနည်းဆုံး()နှစ်မှ(၆၀)နှစ်အထိ ထားရှိနိုင်သည်။

 

အာမခံထားငွေ

အနည်းဆုံး ကျပ်()သောင်းမှ အများဆုံး ကျပ်သိန်း(၃၀၀) ထိ ထားနိုင်ပါသည်။

 

ပရီမီယံနှုန်းထား

အာမခံထားရှိသူ၏ အသက်အာမခံသက်တမ်း(အာမခံထားငွေပေါ်မူတည်ပြီး)ပရီမီယံနှုန်းသက်မှတ်ပါသည်။

 

ပရီမီယံပေးသွင်းစနစ်

()လ ၊ () လ ၊ () လ ၊ (၁၂) /တစ်နှစ် စသည်ဖြင့်အရစ်ကျပေးသွင်းနိုင်ပါသည်။

 

ဆေးစစ်ခြင်း

အာမခံထားငွေ ကျပ်(၁၀)သိန်း ကျော်ပါက ဆေးစစ်ခြင်းပြုလုပ်ရပါမည်။

 

အကျိုးခံစားခွင့်များ

ငွေချေးခြင်း၊အမ်းငွေထုတ်ခြင်း၊စာရင်းပိတ်ခြင်း၊နှစ်စေ့ငွေ တစ်လုံးတည်းထုတ်ခြင်းနှင့် သေဆုံးမှုတောင်းခံငွေ ရရှိခြင်းတို့ဖြစ်ပါသည်။

 

အကျိုးခံစားခွင့်အကျုံးမဝင်သည့်အချက်များ

၁။ မိမိကိုယ်ကိုသတ်သေခြင်း၊

၂။ အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် သေဆုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန် စွမ်းဖြစ်ခြင်း၊

၃။ မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်းကြောင့်ဖြစ်စေ၊ မိမိကိုယ်ကိုသတ်သေခြင်းကြောင့်ဖြစ်စေ၊ မူးယစ် ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်စေ၊ ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်စေ သေဆုံးခြင်း(သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊


>

Newsletter for recieve