Blog

ANDREWS Working Group Meeting ( Jakarta, Indonesia)

Blog
17-04-2026
751

Chair, Heddy Agus Pritasa ၏ ဦးဆောင်မှုဖြင့် ANDREWS Working Group Meeting ကို Indonesia, Jakarta မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါပွဲတွင် Parametric Insurance နှင့်ပတ်သက်ပြီး အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ မိုးခေါင်မှုနှင့် ရေကြီးရေလျှံမှုများကြောင့်ဆုံးရှုံးမှုများကို ကုစားနိုင်ရန် Cambodia နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုနှင့် ကနဦးတီထွင်ဖန်တီးမှုများကို အဓိကထားတင်ပြခဲ့ကြပါတယ်။

အဆိုပါတင်ပြမှုများအပြီးတွင် Myanmar, Indonesia, Philippines, Thailand, Vietnam နိုင်ငံအဖွဲ့ဝင်များမှ မေးခွန်းများ အသီးသီးမေးမြန်းခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးမှုများကိုလည်း Vietnam မှာ ကျင်းပပြုလုပ်မည့် ၄၉ကြိမ်မြောက် AIC အစည်းအဝေးတွင်တင်ပြသွားမှာဖြစ်ပါတယ်။

ထိုအစည်းအဝေးတွင် Agricultural Insurance Working Group (AIWG) ၏ ဥက္ကဌတာဝန်ကို Thailand နိုင်ငံမှ Vietnam နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အနှစ်ချုပ်အားဖြင့် အဆိုပါပွဲတွင် ANDREWS အဖွဲ့ဝင်များ၏ လေ့လာမှုများနှင့် အပြန်အလှန်ဆွေးနွေးမှုများမှ အကျိုးကျေးဇူးများစွာရရှိခဲ့ကြပါတယ်။

>

Newsletter for recieve