Blog

Valued Business Partners Appreciation Grand Dinner

Blog
13-10-2025
1172

Global World Insurance Co.,Ltd မှ လေးစားတန်ဖိုးထားရသော Business Partners များကို ကျေးဇူးတင် ဂုဏ်ပြုသောအားဖြင့် Feb-18-2023 စနေနေ့တွင် “Valued Business Partners Appreciation Grand Dinner” အား ရန်ကုန်မြို့သိမ်ဖြူလမ်းရှိအတွင်းဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ မြန်မာနိုင်ငံယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး(MORS)ဥက္ကဌ ဉီးအောင်မြင့်၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း(MAMDA) ဥက္ကဌ ဉီးဇော်ထိုက်အေးနှင့် GWI၏ Business Partners များ ဖြစ်သော show rooms များ၊ Banksများ၊ Micro Finance Companies များ ၏တာဝန်ရှိသူများမှ တာဝန်ရှိသူများတက်ရောက် ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတွင် Global World Insurance၏ MD ဉီးစိုးဝင်းသန့်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး(MORS)ဥက္ကဌမှ ဂုဏ်ပြုစကား ပြောကြားခြင်း၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း(MAMDA) ဥက္ကဌ နှင့် Business Partners များဖြစ်သော Showroom များ၊ ဘဏ်များ၊ ငွေကြေး၀န်ဆောင်မှုလုပ်ငန်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ၎င်းကဲ့သို့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပြီးနောက် ချီးမြှင့်ခြင်းခံရသော Business Partners များကိုယ်စား Business Partners နှစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

ထို့နောက် အတွင်းဝန်များရုံး၏ မြက်ခင်းပြင်၌ ဂုဏ်ပြုညစာ စားသုံးကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

>

Newsletter for recieve