၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ “6th ICC Emerging Asia Insurance Conclave & Awards” အခမ်းအနားကြီးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အာရှဒေသတစ်လွှား အာမခံလုပ်ငန်းနယ်ပယ်အသီးသီးမှာ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေကို အသိအမှတ်ပြု ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်ခဲ့တာပါ။ အဆိုပါအခမ်းအနားတွင် Indian Chamber of Commerce (ICC)မှ ချီးမြှင့်တဲ့ 🥇 Best General Insurance Company of the Year (တစ်နှစ်တာအကောင်းဆုံး အထွေထွေအာမခံကုမ္ပဏီဆု) နှင့် 🥇 Best Innovations led by Technology and Insurtech’s(နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အကောင်းဆုံးဆု) တို့ကို ကျွန်တော်တို့ Global World Insurance က မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဆုတွေရရှိအောင် အဖက်ဖက်က ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြတဲ့ Customerများ၊ ဝန်ထမ်းများ၊ Agent များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပြောပါရစေခင်ဗျာ။💙 ဒီအောင်မြင်မှုတွေဟာ ကျွန်တော်တို့ Global World Insurance အပေါ် အမြဲယုံကြည်အားပေးကြတဲ့ မိတ်ဟောင်း၊ မိတ်သစ် Customer များနဲ့ Agent များအားလုံးရဲ့ ကျေးဇူးကြောင့် ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း လူကြီးမင်းတို့အတွက် အကောင်းဆုံးသော အာမခံဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့ ဆက်လက်ကြိုးစားသွားပါမယ်။ 💙 #wealwayswithyou #GlobalWorldInsurance #GWI #Awards
Newsletter for recieve
Developed by Cybi Tech. Copyright © 2026 Global World Insurance Co., Ltd. All Rights Reserved.